ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များအား ကြည့်ရှုစစ်‌ဆေး

အင်္ဂပူ ‌ဇွန် ၂၆

 

ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စိုက်ပျိုးရေးနည်းပညာ‌ပေးစခန်းသို့ ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ကော်ဖီပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်တွင် ကော်ဖီစိုက်ပျိုးရန် ကျေးရွာအုပ်စု (၁၇)စုတွင် လျာထား ၂၀၇ ဧက၌‌ ကော်ဖီပျိုးပင်ပေါင်း ၉၀၀၀၀ အား ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)