ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသားအမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပုသိမ်   ဇန်နဝါရီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၄)နယ်မြေ ကိုးသိန်းမိုးလုံလေလုံအားကစားရုံတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကို ပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး ဧရာဝတီတိုင်း ဒေသကြီးမှ  နိုင်ငံ့လက်ရွေးစင် ရိုးရာခြင်းလုံး ကစားသမားများက အလှခတ်စွမ်းရည်ပြသသည်။ ထို့နောက် မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့မှုများကို ဝန်ကြီးချုပ်၊ တိုင်းမှုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)