ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငရုတ်ကောင်းမြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ငရုတ်ကောင်း မေ ၁၂

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေ ၁၂ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက စည်းလုံးညီညွတ်စွာဖြင့် အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် မပေါ့ဆကြရန်နှင့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာသို့ ကြိုတင်ရွေ့ပြောင်းထားရန် မှာကြားခဲ့သည်။

 

ထို့နောက် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများ အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ကတ်နှင့် ဆေးဝါးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ငရုတ်ကောင်း(ပြန်/ဆက်)