Facebook ငွေကြေး Libra ကို ကမ္ဘာဈေးကွက်နဲ့ မိတ်ဆက်ပေးတော့မည်

၁၉ ဇွန်

 


ကမ္ဘာ့အင်တာနက်ငွေကြေးအသစ်ဖြစ်တဲ့ လီဘရာ (Libra) ကို Facebook ကနေ စီစဉ်ထားကြောင်း အင်္ဂါနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မိုဘိုင်းဖုန်းပေါ်ကနေ တည်ငြိမ်မှုရှိတဲ့ အင်တာနက်ငွေကြေးကို ဖြန့်ဝေသွားဖို့ရှိကြောင်း၊ ဘဏ်အကောင့်မရှိတဲ့ လူဦးရေ တစ်ဘီလီယံလောက်ကို ဘဏ္ဍာရေးစနစ်ထဲ Libra က ဆွဲခေါ်နိုင်မယ်လို့ သိရပါတယ်။ 

 


Facebook နဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် နှစ်ဒါဇင်လောက်က အင်တာနက်ငွေကြေးဖြစ်တဲ့ Libra ကို လာမယ့်နှစ်ကစပြီး သုံးစွဲနိုင်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။  ဂျီနီဗာ မှာ အင်တာနက်ငွေကြေး Libra ရဲ့ ဌာနချုပ်ကို အခြေစိုက်မှာဖြစ်ပါတယ်။ အင်တာနက်ငွေကြေး Libra ဟာ တည်ငြိမ်မှုရှိပြီး သုံးစွဲမည့်သူတိုင်း အဝင်အထွက် လုပ်နိုင်မှာဖြစ်ပါတယ်။ 

 


ဘဏ်အကောင့်မရှိသူ တစ်ဘီလီယံကျော် အတွက်လည်းကောင်း၊  ဘဏ်စနစ်အပြင် တခြားငွေကြေးစနစ်ကနေ သုံးစွဲချင်သူတွေအတွက် လုပ်အားခမရသေးမီ ချေးငှားသုံးစွဲနိုင်ခြင်းအားဖြင့် ဝင်ငွေထွက်ငွေ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ 

 


Facebook က မိတ်ဆက်ပေးမယ့် ဒီဂျစ်တယ်ပိုက်ဆံအိတ်ရဲ့နာမည်ကို ကာလီဘရာ (Carlibra) လို့ အမည်ပေးထားပါတယ်။ 

 


Libra မှာ မာစတာ၊ ဗီဇာ၊ စထရစ်၊ ကီဗာ၊ ပေးပါ၊ လစ်ဖ်၊ အူဘာ နဲ့ Women's World ဘဏ်တွေ အပါအဝင် စီးပွားရေလုပ်ဖော်ကိုင်ဖက် ၂၈ ခုက ကနဦးပါဝင်တဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ 

 

MDN
ကိုးကား -AFP