Full View မျက်နှာပြင်ပါဝင်သော Honor 7X ကို Huawei မှ စတင်မိတ်ဆက်

Huawei ၏ ပထမဆုံး Full View 18:9 မျက်နှာပြင် ပါဝင်သော Honor စီရီးစမတ်ဖုန်း အမျိုးအစားဖြစ်သည်။ ၅ ဒသမ ၉၃ လက်မ မျက်နှာပြင် အကျယ်ရှိပြီး ၇ ဒသမ ၆ မီလီမီတာအထူရှိကာ မျက်နှာပြင်ကို 2.5D ဖန်သားဖြင့် ကာကွယ်ပေးထားသည်ဟု သိရသည်။


Qcta-Core HiSilicon Kirin 659 ပရိုဆက်ဆာကို တပ်ဆင်ပေးထားကာ Android 7.0 လည်ပတ်မှု စနစ်ပါဝင်ပြီး ရုပ်ထွက် အရည်အသွေးပိုင်းအတွက် Mali-T830 MP2 ပါဝင်သောကြောင့် ဖုန်းအတွင်း လုပ်ဆောင်မှုနှင့် အရည်အသွေး ကောင်းမွန်သော စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်ဟု သိရသည်။ RAM ပါဝင်မှု 4GB နှင့် သိုလှောင်သိမ်းဆည်းမှုအတွက် 32GB, 64GB နှင့် 128GB ဟူ၍ သုံးမျိုး ရွေးချယ်နိုင်သည်ဟု သိရပြီး Micro SD 256 GB ကို ထပ်မံ ထည့်သွင်း အသုံးပြုနိုင်မည်ဟု သိရသည်။


16MP+2MP ရှိသော ကင်မရာ နှစ်လုံးကို ဖုန်း၏ ကျောဘက်တွင် တပ်ဆင်ပေးထားပြီး အရှေ့ဘက် ကင်မရာမှာ 8MP ပါဝင်သည်။ လက်ဗွေဖတ် စနစ်မှာဖုန်း၏ ကျောဘက်တွင် ပါဝင်ပြီး 3340 mAh ဘက်ထရီပမာဏ ပါဝင်ကာ တန်ဖိုးမှာ 32GB အမျိုးအစား အတွက် ဒေါ်လာ ၂၀ဝ၊ 64GB အမျိုးအစားအတွက် ဒေါ်လာ ၂၆၀ နှင့် 128GB အမျိုးအစားအတွက် ဒေါ်လာ၃၀ဝ အသီးသီး သတ်မှတ်ထားပြီး ရရှိနိုင်သော အရောင်များမှာ အနက်ရောင်၊ အပြာရောင်နှင့် ရွှေရောင်တို့ ဖြစ်သည်ဟု သိရသည်။


ALEX