ဂျာမနီနိုင်ငံ ဘူတာရုံ၌ ဓားဖြင့် တိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံး

ဘာလင်    ဇန်နဝါရီ    ၂၇

ဂျာမနီနိုင်ငံ    မြောက်ပိုင်း၌   ဇန်နဝါရီ   ၂၅   ရက် က    ရထားတစ်စင်းပေါ်တွင်  ဓားကိုင်ထားသည့်   လူတစ်ဦးက ခရီးသွားများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး  ခုနစ်ဦး    ဒဏ်ရာရရှိခဲ့သည်ဟု  သိရသည်။    ဓားဖြင့် တိုက်ခိုက်သူမှာ အသက် ၃၃ နှစ်အရွယ်    ပါလက်စတိုင်းတစ်ဦးဖြစ်ပြီး   ၎င်းကို ထိန်းသိမ်းထားခဲ့ပြီးနောက်  အသေးစားဒဏ်ရာများ အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

ယင်းသို့တိုက်ခိုက်မှုအတွက်   စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေသည်ဟု ရဲများကပြောသော်လည်း မည်သည့်   မှတ်ချက်မှ ထပ်မရခဲ့ပေ။  ရထားမှာ   ကီယယ်မှ ဟမ်းဘာ့ဂျ်သို့ သွားနေစဉ် ညနေ ၃ နာရီ ဝန်းကျင်တွင်   ဓားဖြင့်   တိုက်ခိုက်မှု   ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   ထိခိုက်ခံရသူများ၏   အချက်အလက် များကိုမူ  မသိရသေးကြောင်း။  ရဲတပ်ဖွဲ့မှ  စုံစမ်း စစ်ဆေးမှုများ   ပြုလုပ်နိုင်ရန်အတွက် ကီယယ်မှ ဟမ်းဘာ့ဂျ်သို့  ပြေးဆွဲသည့်  အခြားသော ရထား များကိုလည်း ပြေးဆွဲမှု ခေတ္တရပ်နားထားသည်။ 

ဂျာမနီနိုင်ငံသည်     မကြာသေးမီနှစ်များအတွင်း ဓားဖြင့်    တိုက်ခိုက်မှုများ    ကြုံတွေ့လာရသည်။ အစွန်းရောက်သမားများနှင့် အခြားသော    စိတ်ပိုင်း ဆိုင်ရာ  ဝေဒနာဆိုးဆိုးရွားရွား   ခံစားနေရသည့်    လူများက တိုက်ခိုက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။  ၂၀၂၁ ခုနှစ်  မေလကလည်း ဒရက်စတန်မြို့ အရှေ့ ပိုင်းတွင်      ဂျာမန်အမျိုးသားတစ်ဦး     သေသည် အထိ ဓားထိုးခံရပြီး   ၎င်း၏  လက်တွဲဖော်မှာလည်း   ဒဏ်ရာ     ပြင်းပြင်းထန်ထန်ရရှိခဲ့ရာ       ယင်းသို့     ဓားထိုးမှု ကျူးလွန်ခဲ့သူ  ဆီးရီးယား  အစွန်းရောက် တစ်ဦးကို    တစ်သက်တစ်ကျွန်း    ပြစ်ဒဏ်ချမှတ် ခဲ့သည်။ 

အင်န်အိတ်ချ်ကေ