ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ရှိလာ

၂၂ ဇန်နဝါရီ

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး ၅၀,၀၀၀ ကျော်ရှိလာကြောင်း ရောဂါပိုး ထိန်းချုပ်ရေး Robert Koch Institute (RKI) ကနေ ဒီနေ့(သောကြာနေ့)မှာ ထုတ်ပြန်ကြေညာပါတယ်။

သောကြာနေ့ ထုတ်ပြန်ချက်တွင်  ၂၄ နာရီအတွင်း သေဆုံးသူ  ၈၅၉ ဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၅၀,၆၄၂ ဦး ရှိကြောင်း၊ တစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိသူ ၁၇,၈၆၂ ဦး ရှိရာ ရောဂါပိုးကူးစက်ခံရသူ ၂.၁ သန်းရှိသွားကြောင်း ပါရှိတယ်။

ဥရောပရဲ့ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ပထမ လှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပေမယ့် ဒုတိယလှိုင်းမှာ နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်တာကို တွေ့ရ ပါတယ်။

နိုင်ငံမှာ လက်ရှိချမှတ်ထားတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး အသွားအလာကန့်သတ်မှုကို ဖေဖော်ဝါရီ ၁၄ ရက်အထိ တိုးထားကြောင်း သိရပါတယ်။ နိုဝင်ဘာလကစပြီး စားသောက်ဆိုင်တွေ၊ အားကစားခန်းမတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်ထားပြီး၊ ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်း အရောင်းဆိုင်တွေ အားပိတ်ထားရန် ဒီဇင်ဘာလလယ် မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းဟာ လူ ၁၀၀,၀၀၀ မှာ ၁၁၅.၃ ဦး ကူးစက်တာ ကိုတွေ့ရပါတယ်။ ကူးစက်နှုန်းဟာ ၁၀၀,၀၀၀ မှာ ၅၀  သာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချရန် ဝန်ကြီးချုပ် မာကယ် အစိုးရက ရည်မှန်းထားပါတယ်။

MDN

ကိုးကား - AFP

a111