ဂျာမနီနိုင်ငံမှာ ဝက်တုပ်ကွေးတွေ့ရှိထားတဲ့အတွက် ဂျာမန်ဝက်သားတင်ပို့မှုကို အာရှနိုင်ငံတွေက တားမြစ်

၁၅ စက်တင်ဘာ

 

ဂျာမနီနိုင်ငံမှာ ဝက်သိုးတစ်ကောင်မှာ အာဖရိက ဝက်တုပ်ကွေးနဲ့ သေဆုံးကြောင်း သိရှိပြီးနောက် ဂျာမန်ဝက်သားတင်ပို့မှုကို အာရှနိုင်ငံတွေက တားမြစ်လိုက်ကြောင်း သိရပါတယ်။

 

ဝက်တုပ်ကွေးပိုးတွေ့ရှိပြီးနောက် တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဝက်သားတင်ပို့လာမှုကို ချက်ချင်းဆိုသလို ပိတ်ပင်ခဲ့ပြီး ဂျပန်နိုင်ငံကတော့ မနေ့ကစပြီး တားမြစ်လိုက်တာဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံနဲ့ ပိုလန်နယ်စပ်အနီး ဘရန်ဒန်ဘတ်မှာ တောဝက်သိုးတစ်ကောင်ဟာ အာဖရိကဝက်တုပ်ကွေးရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ဂျာမနီနိုင်ငံရဲ့ ဝက်သားတင်ပို့မှုရဲ့ လေးပုံတစ်ပုံဟာ အာရှဈေးကွက်ပြီး တရုတ်နိုင်ငံဟာ အာရှမှာ ဝက်တုပ်ကွေးပိုးတွေ့ရှိပြီးနောက် ဝက်ကောင်ရေ သန်းချီပြီး သတ်ခဲ့ပြီးနောက်မှာ ဂျာမနီနိုင်ငံက တင်ပို့လာတဲ့ ဝက်သားကို ပိုမိုစားသုံးလာပါတယ်။

 

တရုတ်နိုင်ငံတစ်ခုတည်းက ဂျာမနီနိုင်ငံရဲ့ ဝက်သားတင်ပို့မှု ၁၇ ရာခိုင်နှုန်းစားသုံးပြီး တောင်ကိုရီးယားမှာ ၄ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ၃ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

 

ဂျာမနီနိုင်ငံဟာ ၂၀၁၉ ခုနှစ်က ဝက်သားတန်ချိန် ၅ သန်းထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ၆၀၀,၀၀၀ တင်ပို့ခဲ့ရကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP