ဂျာမနီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာကန့်သတ်ချက်များ ရုပ်သိမ်းရန်စီစဉ်

ဖေဖော်ဝါရီ ၁၇

 

ဂျာမနီနိုင်ငံတွင် ဈေးဝယ်များနှင့် စားသောက်ဆိုင်သို့လာရောက်သူများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များ ရုပ်သိမ်းရန်နှင့် မတ်လလယ်ပိုင်းတွင် အဓိကတားမြစ်ချက်အားလုံးကို ပယ်ဖျက်ရန် စီစဉ်ထားသည်။

 

အချို့သောရက်များက ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၂၀၀၀၀၀ ကျော်ရှိသော်လည်း ရောဂါကူးစက်မှုအခြေအနေသည် သီတင်းပတ်များစွာအတွင်း တိုးတက်ကောင်းမွန်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

 

ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များဖြေလျှော့ခြင်းကို အဆင့်သုံးဆင့်ဖြင့်စီစဉ်ထားသည်ဟု ဂျာမန်အကြီးအကဲ အိုလက်ဖ်ရှော့ဇ်က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ပထမအဆင့်အစီအစဉ်တွင် အခြားလက်လီအရောင်းဆိုင်များ၌ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဈေးဝယ်များအား ဈေးဝယ်ခွင့်တားမြစ်ထားခြင်းကို ရုပ်သိမ်းမည်ဖြစ်သည်။

 

မတ် ၄ ရက်ကစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမပြုရသေးသူများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိကြောင်း လက်မှတ်ပြသပါက  စားသောက်ဆိုင်များအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

 

အားကစားပွဲများနှင့် အခြားပြင်ပပွဲများတွင် ပွဲကြည့်ပရိသတ်ဦးရေကို ၂၅၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်သည်။

 

မတ် ၂၀ ရက်ကစတင်ကာ စီးပွားရေးလုပ်ငန်းများရှိ ဝန်ထမ်းများအနေဖြင့် နေအိမ်မှ အလုပ်လုပ်ရန် မလိုအပ်တော့ချေ။

 

သို့ရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် အခြားသောနေရာအချို့တို့တွင် ပါးစပ်၊ နှာခေါင်းစည်းတို့ဆက်လက်တပ်ဆင်ရန် လိုအပ်မည်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို