ဂျာမနီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာသဖြင့် ခရစ္စမတ်ဈေးပွဲတော် ကျင်းပမှုဖျက်သိမ်း

နိုဝင်ဘာ ၂၄

 

ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စံချိန်တင်မြင့်တက်နေသောကြောင့် ခရစ္စမတ်ဈေးပွဲတော်ကျင်းပမှု ဖျက်သိမ်းခဲ့သည်။

 

အမျိုးသားသုတေသနအင်စတီကျု့၏ အချက်အလက်အရ ရက်ပိုင်းအတွင်း ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၆၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။

 

နာရဘတ်မြို့ရှိ ထင်ရှားသောခရစ္စမတ်ဈေးပွဲတော်စီစဉ်သူက ယခုရာသီတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းအသစ်များအရ ပွဲတော်ကျင်းပမှုကို ဖျက်သိမ်းခဲ့သည်။

 

နိုင်ငံအတွင်း ရှေးအကျဆုံးဖြစ်သည့် ဒရတ်ဒန်မြို့ရှိ ခရစ္စမတ်ဈေးပွဲတော်ကျင်းပမှုကို နှစ်နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့သည်။

 

ထိုပွဲတော်ကိုယမန်နေ့က ဖွင့်လှစ်ခဲ့သော်လည်း အလုပ်သမားများက ယင်းနေရာရှိ ဆိုင်ခန်းများနှင့် အလှဆင်ထားမှုများကို ပြန်လည်ဖျက်သိမ်းနေကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို