ဂျာမနီနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးနှံပေးရန်စီစဉ်

ဒီဇင်ဘာ ၃

 

ဂျာမနီနိုင်ငံဝန်ကြီးချုပ် အန်ဂျလာမာကယ်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးသောသူများကို ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များတင်းကျပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်ဖေဖော်ဝါရီလအစောပိုင်းတွင် ကာကွယ်ဆေး မဖြစ်မနေထိုးနှံပေးရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

နိုဝင်ဘာလကုန်ပိုင်းက ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၇၆၀၀၀ ကျော်ရှိရာ ဂျာမနီနိုင်ငံတွင် နေ့စဉ်ရောဂါကူးစက်မှုစံချိန်တင်မြင့်တက်နေဆဲဖြစ်သည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၄၆ ဦးသေဆုံးကြောင်း ရောဘတ်ကို့ရှ်အင်စတီကျု့က သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြားလာသည်ဟု အတည်ပြုထားသည်။

 

မာကယ်လ်က ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများနှင့်ရောဂါကူးစက်ခံရပြီးကျန်းမာရေးပြန်လည် ကောင်းမွန်လာသူများသာလျှင် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေရာနေရာများသို့ သွားရောက်လည်ပတ်ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအစပိုင်းတွင် ကိုဗစ်ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံပေးရန်ကိုလည်း စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို