ဂျာမနီနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ သေဆုံးမှု မှတ်တမ်းသစ်တစ်ခုသို့ ရောက်ရှိ

ဘာလင်  ၂၇  နိုဝင်ဘာ

ဂျာမနီနိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ သေဆုံးမှုသည် မှတ်တမ်းသစ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး တစ်နေ‌ေတည်းတွင် ကိုဗစ်-၁၉ ရောဂါ သေဆုံး သူ ၄၁၀ တိုးလာခဲ့ကာ စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ သေဆုံးသူပေါင်း ၁၄၇၇၁ ဦးရှိလကြောင်း ရောဘတ် ကိုချအင်စတီကျူက နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် ဖော်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူသည် နိုဝင်ဘာ ၂၅ ရက်တွင် ၁၈၆၃၃ ဦး ရှိလာခဲ့ကြောင်း ရောဘတ် ကိုချအင်စတီကျု၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျာမနီနိုင်ငံတွင် နိုဝင်ဘာ ၂ ရက်ကတည်းက တစ်စိတ်တစ်ပိုင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကန့်သတ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကန့်သတ်ပိတ်ဆို့မှုတွင် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို တင်းကျပ်စွာ ကန့်သတ်ပိတ်ဆို့ခြင်း အပါအဝင် စားသောက်ဆိုင်များနှင့် ဘားဆိုင်များ ပိတ်သိမ်းရေးတို့လည်းပါဝင်သည်။

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်စိတ်တစ်ပိုင်း အသွားအလာ ကန့်သတ်ပိတ်ဆို့မှုရက်ကို ထပ်မံတိုးမြှင့်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ များသည် လတ်တလော ကိုဗစ်-၁၉ရောဂါ ကန့်သတ်ပိတ်ဆို့မှုများကို ဒီဇင်ဘာ ၂၀ ရက်အထိ တိုးမြှင့်သတ်မှတ်ရန် ကြိုးစားလျက်ရှိသည်။ ပထမဆုံး ကိုဗစ်-၁၉ရောဂါကန့်သတ် ဖြေလျှော့မှုကို လာမည့် ခရစ္စမတ် အားလပ်ရက်များတွင် ဖြေလျှော့ပေး မည့်အလားအလာရှိကြောင်း သိရသည်။

ဆင်ဟွာ