ဂျော်ဒန်နိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

အမ္မန် ဒီဇင်ဘာ ၁၂

ဂျော်ဒန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ ကူးစက်ခံရသူ တစ်သန်းရှိလာပြီဟု ဂျော်ဒန် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ယခုအချိန်အထိ ဂျော်ဒန်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၀၃၄၂၈ ဦး ရှိပြီး ဒီဇင်ဘာ ၁၀ ရက် တစ်ရက်တည်းတွင်ပင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉၃၆ ဦး ရှိသည်။ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးသေဆုံး သူ ၃၈ ဦး တိုးလာသည့်အတွက် သေဆုံးသူစုစုပေါင်းမှာလည်း ၁၁၉၁၇ ဦးရှိသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၄၆၇၄ ဦးရှိသည့်အတွက် စုစုပေါင်း ပြန်လည်ကျန်းမာလာသူဦးရေမှာ ၉၂၄၇၀၂ ဦး ရှိသည်။ ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမတစ်ကျော့ ထိုးပြီးသူ ၄၂၁၄၁၆၀ ရှိပြီးနှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၃၈၀၈၃၃၆ ဦးရှိသည်။

ဂျော်ဒန်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်မှစတင်ကာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့သည်။

ဆင်ဟွာ