ဂျော်ဂျီယာနိုင်ငံ၌ မီးပုံးပျံတစ်လုံး ဓာတ်အားလိုင်းနှင့်တိုက်မိသဖြင့် လူသုံးဦး ဓာတ်လိုက်သေဆုံး

ဖေဖော်ဝါရီ ၉

ဂျော်ဂျီယာနိုင်ငံအရှေ့ပိုင်း Asureti ကျေးရွာအနီးတွင် မီးပုံးပျံတစ်လုံးသည် ဓာတ်အားလိုင်းတစ်ခုနှင့် တိုက်မိခဲ့ပြီးနောက် မီးပုံးပျံပေါ်ပါလူသုံးဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံ၏ TASS သတင်းအေဂျင်စီက ယမန်နေ့ကဖော်ပြထားသည်။ မီးပုံးပျံပေါ်လိုက်ပါလာသူ သုံးဦးသည် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျီယာရုပ်မြင်သံကြားချန်နယ်က ကိုးကားဖော်ပြထားသည်။ အဆိုပါမီးပုံးပျံသည် ယမန်နေ့မနက်ပိုင်းက ပိုတီဆိပ်ကမ်းမြို့ရှိ အားကစားကွင်းတစ်ခုမှ နိုင်ငံ၏အရှေ့ပိုင်း Kakheti သို့ ပျံတက်ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုမီးပုံပျံသည် ကမ္ဘာ့စံချိန်တင်ရန် ကြိုတင်ပြင်ဆင်ပျံသန်းခြင်းဖြစ်ကြောင်း ဂျော်ဂျီယာဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို