ဂေါ်ဖီထုပ်တင်ဆောင်လာသည့်ကား အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွား 

မင်းလှ    ၂၁    မတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း ဆောက်လုပ်ရေးရုံးဝန်းအနီး တွင်မတ်လ ၂၀ ရက်မွန်းလွဲ ၃ နာရီအချိန်ခန့်ကဂေါ်ဖီထုပ် တင်ဆောင်လာသည့် ကားအရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

‌ေ

 

ဖြစ်စဉ်မှာ မင်းလှ-သရက်တပင်သွား လမ်း မိုင်တိုင် အမှတ်(၂/၂)နှင့် (၂/၃) အကြားတွင် ယဉ်မောင်း ဦးသန်းတင့်မောင်းနှင်းပြီး ယဉ်နောက်လိုက် နိုင်လင်း စီးနင်းလာသည့် ဒိုင်နာယဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ဦးသန်းတင့်နှင့် နိုင်လင်းတို့မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်ကြောင့် မင်းလှမြို့မရဲစခန်းမှ ယဉ်မဆင်မခြင် မောင်းနှင်းသူ သန်းတင့်အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ပေါက်စ (မင်းလှ)