ဂေါ်ရင်ဂျီကျွန်းကို အလည်အပတ် ခရီးစဉ် လူဦးရေ ပြည့်သွားပြီဟုသိရ

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၁၀၊ ၁၁၊ ၁၂) ရက်နေ့များတွင် နှစ်ညအိပ် သုံးရက် ခရီးစဉ်အဖြင့် ငရုပ်ကောင်းမြို့ရှိ ဂေါ်ရင်ဂျီကျွန်းသို့ အလည်အပတ် ခရီးစဉ်အဖြစ် စီစဉ်ထားပြီး ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းတစ်ခုမှ သိရသည်။

 

အဆိုပါခရီးစဉ်အတွက် “ သွားမယ့် လူဦးရေကတော့ ပြည့်သွားပါပြီ၊ လိုက်ချင်တဲ့သူတွေက များတယ် ပထမဦးဆုံးအကြိမ် စီစဉ်ဖြစ်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် လူဦးရေ နည်းနည်းလေးပဲ စီစဉ်ထားတာပါ။ အခုတော့ လိုက်ချင်သူတွေက များနေတယ်။ ဒုတိယအကြိမ် ထပ်စီစဉ်ဖို့ရှိပါတယ်။ နောက်ပြီး နိုင်ငံခြား ခရီးသွား အစီအစဉ်တွေလည်း ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ထပ်စီစဉ်ထားပါတယ်။” ဟု Amazing Myanma Scenery Travels and Tours Co.,Ltd မှ တာဝန်ခံ မပြည့်ပြည့်က ပြောပါတယ်။

 

ငရုပ်ကောင်းပင်များရှိခဲ့ရာ သာယာလှပတဲ့ ငရုပ်ကောင်းမြို့သို့မှ တဆင့် ဂေါ်ရင်ဂျီကျွန်းကို သွားရောက်လည်ပတ်ပါက သဘာဝအတိုင်း ယိုယွင်းမှုမရှိဘဲ ကျွန်းလေးရဲ့ အလှကို ခံစားရမှာ ဖြစ်ပါတယ်။ မြဝတီဘုရားသို့လည်း သွားရောက်ဖူးမြော် နိုင်ပါတယ်။ ပန်းကန်သိုက်ရှိရာ သဘာဝရဲ့အလှ တရားများစုံလင်သော လိပ်ချိုင်သို့ သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

 

MDN