ဂျေရုဆလင်ရှိ ဘာသာရေးအထွတ်အမြတ်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဂျေရုဆလင်  ၃ ဇွန် 

ဂျေရုဆလင်မြို့ရှိ ဘာသာရေးနယ်မြေတစ်ခုတွင် မေ ၆ ရက်က ပါလက်စတိုင်းမှ ဆုတောင်းဝတ်ပြုသူများနှင့် အစ္စရေးရဲတပ်ဖွဲ့တို့  ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အစ္စလာမ်ဘာသာဝင်များ၏ ထူးမြတ်သည့်လရာသီဖြစ်သည့်  ရာမာဒန်ဥပုသ်လ နောက်ဆုံးရက်များနှင့် အစ္စရေးရုံးပိတ်ရက်တိုက်ဆိုင်နေချိန်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အယ်လ်ဘက်ဆာဘာသာရေး အဆောက်အအုံပရိဝုဏ်သို့ လာရောက်လည်ပတ်ကြသည့် ဂျူးလူမျိုးများကို အစ္စလာမ်ဘာသာဝင်ဆုတောင်းဝတ်ပြုသူများက ဒေါသထွက်ခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရခြင်းဖြစ်ကြောင်း  သိရသည်။  အယ်လ်အက်ဆာ ဘာသာရေးအဆောက်အအုံသည် အစ္စလာမ်ဘာသာဝင်များနှင့် ဂျူးဘာသာဝင်များအတွက် အထွတ်အမြတ်နေရာဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောပြချက်အရ ဆန္ဒပြသူများသည် ဘာသာရေးအဆောက်အအုံအတွင်း၌ ပိတ်ဆို့တားဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လူစုခွဲရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ဝင်များကို ထိုင်ခုံများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များ၊ ငရုတ်ကောင်းဖျန်းဆေးများကို အသုံးပြုခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အယ်လ်ဘက်ဆာဘာသာရေး  အဆောက်အအုံပရိဝုဏ်သည်        ဂျေရုဆလင်အရှေ့ပိုင်းတွင်  တည်ရှိပြီး  ဂျူးလူမျိုးများက Temple Mount ဟု ခေါ်တွင်ကြသည်။ အဆိုပါနေရာသို့ ပြီးခဲ့သည့် အင်္ဂါနေ့မှစတင်ကာ ဂျူးလူမျိုးများကို ဝင်ရောက်ခွင့်ပေးခဲ့ပြီး ဇွန် ၂ ရက်တွင် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။

အေအက်ဖ်ပီ