ဂျီ-၇ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမနေ့၌ အီရန်အရေး ဆွေးနွေး

ပါရီ ၂၅ သြဂုတ် 

 

အီရန်ကို နျူကလီးယားပိုင်ဆိုင်သော အင်အားကြီးနိုင်ငံတစ်ခုမဖြစ်စေရေး တားဆီးရန် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက သဘောတူညီခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိရေး ကြိုးပမ်းရန် ကတိပြု လိုက်သည်။


ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပြင်သစ်နိုင်ငံ အပန်းဖြေစခန်း ဘီယာရစ်ဇ်၌ ဖွင့်လှစ်ခဲ့ပြီး ခေါင်းဆောင်များက တံခါးပိတ် ညစာစားပွဲတစ်ခု၌ တွေ့ဆုံခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သောဇွန်လအ တွင်း အီရန်နိုင်ငံသို့သွားရောက်ခဲ့သည့် ၄င်း၏ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ရှင်းပြခဲ့ကြောင်း ဂျပန် အစိုးရ တာဝန် ရှိသူများက ပြောကြားသည်။ အီရန်နိုင်ငံ၏ ယူရေနီယမ်သန့်စင်မှုအဆင့်က ကန့်သတ်ချက်ထက်ကျော်လွန်ခဲ့မှုအပေါ် စိုးရိမ်ပူ ပန်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟုဆိုသည်။ သံတမန်ရေးရာ ကြိုးပမ်းမှုများဖြင့် ဆက်လက်လုပ်ဆောင်ရန် ဂျ ပန်နိုင်ငံ၏ စိတ်ပိုင်းဖြတ်ထားမှုကို ရှင်ဇိုအာဘေးက အလေးထားပြောကြားခဲ့ကြောင်း ဂျပန် တာဝန်ရှိသူများက ပြောသည်။


အမေရိကန်နိုင်ငံက အဆိုပြုနေသော ဟော်မုဇ်ရေလက်ကြားအတွင်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းရေးကို ခေါင်းဆောင်များက ဆွေးနွေးခဲ့ဖွယ်မပုံပေ။ ဂျီ-၈ အဖွဲ့ဖွဲ့စည်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားနိုင်ငံကို ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု ယုံကြည်ရသည်။ သို့သော်လည်း မည်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ကို ထုတ်ပြောမည်မဟုတ်ဟု ၄င်းတို့ကဆိုသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားဒေသကို ကျူးကျော်တိုက် ခိုက်ပြီးနောက် ရုရှားနိုင်ငံကို ဂျီ-၈ အဖွဲ့မှ ဖယ်ထုတ်ခဲ့သည်။ မြောက်ကိုရီးယားအရေးနှင့် တရုတ်နိုင်ငံရှိအခြေအနေဆွေးနွေး ရန် လုံလောက်သောအချိန်သတ်မှတ်ရန်လည်း ရှင်ဇိုအာဘေးက အခြားခေါင်းဆောင်များကို မေးမြန်းခဲ့သည်။


ထို့အပြင် အမေဇုံသစ်တောအတွင်း တောမီးလောင်ကျွမ်းနေမှုနှင့်ပတ်သက်၍လည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြပြီး မီးငြှိမ်းသတ်ရေးနှင့် အခြားအကူအညီများ ပံ့ပိုးကူညီရန် သဘောတူခဲ့သည်။


ကိုးကား--အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး