ဂီတာဖေးနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးဖြင့် ဖယ်လ်ကာအို၏ သွင်းဂိုးစံချိန်ကို လိုက်မီခဲ့တဲ့ ဆွာရက်ဇ် 

၃၁ ဒီဇင်ဘာ
 
အက်သလက်တီကို တိုက်စစ်မှူး ဆွာရက်ဇ်က ဂီတာဖေးနဲ့ပွဲမှာ အက်သလက်အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့်   တိုက်စစ်မှူး ဖယ်လ်ကာအိုရဲ့  အက်သလက်တီကို ကစားသမားဘဝအစ အကောင်းဆုံးသွင်းဂိုး မှတ်တမ်းတစ်ရပ်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ 

ဆွာရက်ဇ်ဟာ  ဘာစီလိုနာနည်းပြသစ် နည်းပြ ကိုးမန်းရဲ့  မလိုအပ်အပ်တော့ဘူးလို့ ပြောကြား ခံရပြီးနောက်မှာ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း လာလီဂါပြိုင်ဘက် အက်သလက်တီကို အသင်းဆီ  ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။  

အက်သလက်တီကို အသင်းနဲ့အတူ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး သူ့ရဲ့သွင်းဂိုးတွေဟာ  အသင်းသစ်ကို များစွာအထောက်အပံ့ပြုနိုင်ခဲ့တာကို တွေ့ရပါတယ်။ 

ယခုနှစ်ဘောလုံးရာသီ  အက်သလက်အတွက် ၁၁ ပွဲဝင်ရောက်ကစားရာမှာ  ၈ ဂိုး သွင်းယူနိုင် ခဲ့တာကြောင့် တိုက်စစ်မှူး ဖယ်လ်ကာအိုရဲ့ ၂၀၁၁ ခုနှစ် သွင်းဂိုးမှတ်တမ်းနဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။ 

ဆွာရက်ဇ်ဟာ နိုဝင်ဘာလအတွင်း  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက်  တစ်လကြာ ဝင်ရောက် မကစားနိုင်ခဲ့ပေမယ့် ပြန်လည်ကစားနိုင်ခဲ့တဲ့နောက်မှာ ဖယ်လ်ကာအိုရဲ့ သွင်းဂိုး မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မေလဲ့သင်း