ဂျိုးဆေးမော်ရင်ညိုကို မန်ချက်တာယူနိုက်တက်အသင်းရဲ့ မန်နေဂျာရာထူးမှ ဒီကနေ့ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ အသက် ၅၅ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသား မော်ရင်ညိုဟာ မန်ယူအသင်းရဲ့ မန်နေဂျာတာဝန်ကို ၂ နှစ်ခွဲ တာဝန်ယူပြီးနောက်မှာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက် ပရီးမီးယားပွဲစဉ် အစမှာ အဆိုးရွားဆုံးဖြစ်တဲ့ ရလဒ်တွေသာ ရခဲ့ကြောင်း၊ ဒီလိုအဖြစ်အပျက်ဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံဖြစ်တယ်လို့ ဆိုပါတယ်။
မော်ရင်ညိုဟာ အသင်းကနေ ချက်ချင်းထွက်ခွာရမှာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ မော်ရင်ညိုကို မန်ယူနဲ့ အလုပ်လုပ်ခဲ့အချိန်အတွက် ကျေးဇူးတင်ပါတယ်။ သူ့အနာဂတ်မှာ အောင်မြင်မှုများရပါစေလို့ မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မန်ယူ အသင်းအတွက် မန်နေဂျာအသစ်ကိုတော့ အခုရာသီအပြီးမှာ ခန့်အပ်သွားမယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP