ဂျိုးကော်ဒီနာနဲ့  ကင်နီချီအိုဂါဝါတို့  စိန်ခေါ်ပွဲ  ယှဉ်ပြိုင် ထိုးသတ်မည်

မေ ၆၊ ၂၀၂၂

 

ဝေးလ်နိုင်ငံသား လက်ဝှေ့သမား ဂျိုးကော်ဒီနာနဲ့ ဂျပန်လက်ဝှေ့ကျော် ကင်နီချီ အိုဂါဝါတို့ဟာ အိုင်ဘီအက်ဖ်စူပါဖယ်သာဝိတ်တန်းချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မှာဖြစ်ပြီး အဲဒီစိန်ခေါ်ပွဲကို ဇွန် ၄ ရက်မှာ ကာဒစ်မြို့ရှိ မော်တာပွိုင့်အရီနာမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အသက် ၃၀ အရွယ် ကော်ဒီနာဟာ အခုပြိုင်ပွဲမှာ အနိုင်ရရှိပါက ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၁၃ ကြိမ်ရရှိမယ့် အခွင့်အရေးတစ်ရပ် ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ ကော်ဒီနာ ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ၁၄ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်ထားပြီး ၂၀၂၀ ပြည့်နှစ်အတွင်းက ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ထိုးသတ်မှုကို ရပ်နားထားခဲ့ရကာ ၂၀၂၁ ခုနှစ်အတွင်းက လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၃၄ နှစ်အရွယ်ရှိ ဂျပန်လက်ဝှေ့သမား အိုဂါဝါကတော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ၂၈ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၂၆ ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်