အောက်တိုဘာ ၂၂
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပါလက်စတိုင်း ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်က ဖော်ပြထားသည်။
အစ္စရေးတပ်မတော်က ဂျာဘာလီရာဒုက္ခသည်စခန်းရှိ နေရပ်စွန့်ခွာသူများခိုလှုံရာ စာသင်ကျောင်း တစ်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် မျက်မြင်သက်သေများက ဆင်ဟွာသတင်းဌာနကို ပြောကြားသည်။
အစ္စရေးတပ်မတော်က စာသင်ကျောင်းကိုအမြောက်များဖြင့်ပစ်ခတ်ခြင်းမပြုလုပ်မီ စာသင်ကျောင်း အတွင်းရှိ နေရပ်စွန့်ခွာသူများအား ဘေးလွတ်ရာသို့ ထွက်ခွာသွားကြရန်ညွှန်ကြားထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင်ခုနစ်ဦးသေဆုံးပြီး လူပေါင်းဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။
ထိုစခန်းအတွင်းရှိ အခြားခိုလှုံရာ နေရာတစ်ခုတွင် ဆေးဘက်ဆိုင်ရာအဖွဲ့များက အစ္စရေးတိုက်ခိုက်မှု ကြောင့် သေဆုံးသူဆယ်ဦးအလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
အစ္စရေးတပ်မတော်က ဟားမတ်စ်တို့ပြန်လည်ဖွဲ့စည်းပြီး ထပ်မံတိုက်ခိုက်မှုများမှ ကာကွယ်ရန် ရည်ရွယ်၍ အောက်တိုဘာလအစောပိုင်းမှစတင်ကာ ဂါဇာကမ်းမြောင်ဒေသရှိ အကြီးဆုံး ပါလက်စတိုင်း ဒုက္ခသည်စခန်းများအနက် တစ်ခုဖြစ်သော ဂျာဘာလီရာစခန်းတွင် မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင် လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို