နိုဝင်ဘာ ၁၂
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ယမန်နေ့က အစ္စရေး၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၂၅ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂါဇာဒေသရှိ ခန်ယွန်နစ်မြို့၏အနောက်ဘက် ဒုက္ခသည်များနေထိုင်ရာရွက်ဖျင်တဲတစ်လုံးကို ပစ်မှတ်ထားကာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အစ္စရေးတို့က ဂါဇာဒေသအလယ်ပိုင်းရှိ အလ်-နျူစီရတ်ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်သဖြင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထိုစခန်းရှိ အယ်အာဒါဆေးရုံ၏ ပြောပြချက်အရသိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေးနယ်စပ်ဒေသကို ဟားမတ်စ်တို့က စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်မှုအပေါ်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသရှိ ဟားမတ်စ်တို့အား ပြင်းထန်သောတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၃၆၀၃ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက နိုဝင်ဘာ ၁၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို