ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

နယူးယောက်    ဒီဇင်ဘာ    ၇

ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အမှတ်(၉၉)အရ ဂါဇာ ဒေသတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန်    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တောင်းဆိုခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရသိရသည်။

ဂူတာရက်စ်သည်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ယခုပြဋ္ဌာန်းချက်ကို  ပထမဆုံးအကြိမ်ဆောင်ရွက်ရေး     တောင်းဆိုခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရတ်က ပြောကြားသည်။ ဂါဇာဒေသတွင် လက်ရှိ၌ လုံခြုံသည့် နေရာမရှိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့်  အီကွေဒေါနိုင်ငံ ကိုယ်စားလှယ်ထံ  ဂူတာရက်စ်က  စာရေးသားပေးပို့ခဲ့သည်။ ဂါဇာဒေသတွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အကန့်အသတ်ဖြင့်သာရရှိနေသဖြင့် ဒေသခံများအတွက် မလုံလောက်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ ဂါဇာအရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၈ ရက်တွင် အရေးပေါ်အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ