ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောကြား

၁၆ ဇန်နဝါရီ

 

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့များရှိရာနေရာများအား  လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

 

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဟားမတ်စ်အကြမ်းဖက်သမားများကို ပစ်မှတ်ထားကာ တိုက်ခိုက်ရေးဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါ တိုက်ခိုက်ခံရသည့် နယ်မြေတွင် လက်နက်များထုတ်လုပ်သည့် နေရာ နှင့် စစ်တပ်ခြံဝင်း တို့ ပါရှသည်ဟု  ထိုပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

 

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးသူများ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

 

ဂါဇာဒေသရှိ အမည်မသိ စစ်သွေးကြွများက အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ပြီးနောက် ထိုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရ၊ ပျက်စီးမှုမရှိခဲ့ပေ။ ၎င်းဒုံးကျည်နှစ်စင်းကို အစ္စရေး ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်တားဆီး နိုင်ခဲ့သည်။

 

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား ရေရှည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အီဂျစ်နှင့်ကုလသမဂ္ဂက ဦးဆောင်သော နိုင်ငံတကာ ကြိုးပမ်းမှုများကြားမှ ထိုနယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို