ဂါဇာတွင် ရည်မှန်းချက်ပြည့်မြောက်သည်အထိ စစ်ဆင်ရေးဆက်လက်လုပ်ဆောင်သွားမည်ဟု အစ္စရေးဆို

 

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၄

 

အစ္စရေးတပ်ဖွဲ့အနေဖြင့် ဂါဇာကမ်းမြောင်တွင် ရည်မှန်းချက် ပြည့်မြောက်သည်အထိ ၎င်းတို့၏ စစ်ဆင်ရေးကို   ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထပ်လောင်း ပြောကြားလိုက်သည်။

 

ဝန်ကြီးချုပ်  ဘင်ဂျမင် နေတန်ယာဟုသည် ဒီဇင်ဘာ ၂၃ ရက်က   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောရာတွင် ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်အတွက်  သမ္မတ ဂျိုးဘိုင်ဒင်ကို  ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောသည်။

 

ထို့ပြင် ဝန်ကြီးချုပ် နေတန် ယာဟုသည် အစ္စရေးအနေဖြင့် ၎င်းတို့၏  ရည်မှန်းချက်များ ပြည့်မြောက်သည်အထိ စစ်ပွဲကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။   

 

အင်န်အိတ်ချ်ကေ