ဂွမြို့ ရွာမရပ်ကွက် မူလွန်ကျောင်းအား မသမာသူများက မီးရှို့ဖျက်ဆီး

ဂွ ဒီဇင်ဘာ ၁၃

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလွန်ကျောင်းအား ယနေ့နံနက် ၃ နာရီက  မသမာသူများက မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျောင်းအပါ်ထပ်သို့တက်သည့် လှေကားအောက်ခြေနေရာတွင် မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ကျောင်းအုပ်ဆရာမကြီးထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ ထို့ပြင် လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာသို့ အချိန်မီ ထပ်မံအကြောင်းကြားခဲ့သဖြင့် မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုကို  အချိန်မီ ထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလွန်ကျောင်း၏ အပေါ်ထပ်သို့တက်သော လှေကားသစ်သားခုံအောက်တွင် ထားရှိသည့် စာရွက်စာတမ်းများနှင့် စာသင်ခုံအဟောင်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး၊ မီးရှို့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်