ဂွမြို့အနီး  အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ဇွန်   ၂

၂၀၂၂ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၃)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၁၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန