ဂွမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဂွ  မေ ၁၂

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌  မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများကို မေ ၁၁ ရက်က မြို့မဈေးအတွင်းနှင့် တောင်ပေါက်ကျေးရွာ၊ မကျေးငူကျေးရွာတို့တွင် လှည့်လည်နှိုးဆော်ခဲ့‌ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့်  နာမကျန်းဖြစ်နေသူများ အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းနေထိုင်ကြပါရန်၊ အိမ်တိုင်းတွင် သောက်ရေ ၅ ဂါလန်ပုံးများ အဆင်သင့်ဆောင်ထားကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး မုန်တိုင်းဒီရေမြင့်တက်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့လာပါက အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုသွားကြရန်၊ ကမ်းနီးကမ်းဝေးရေယာဥ်များ အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြရန်  အသိပေးနှိုးဆော်ခြင်း၊ ရေပုံးဖြင့် အသက်ကယ်ခြင်း နည်းလမ်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်