ဂါနာနိုင်ငံသမ္မတ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုစတင်ခံယူ

မေ ၁၇

 

ဂါနာနိုင်ငံသမ္မတ နာနာအက်ဒိုဒန်ကဝါအက်ကူဖိုအက်ဒိုသည် မေ ၁၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုကိုစတင်ခံယူမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြန့်ချိရေး အစီအစဉ် COVAX ဖြင့် AstraZeneca ကိုဗစ် ကာကွယ်ဆေးပမာဏ ၃၅၀၀၀၀ ကို ထပ်မံရရှိခဲ့သဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေး စတင်ထိုးနိုင်တော့မည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

 

ခရိုင် ၄၃ ခုမှ လူဦးရေ ၃၆၀၀၀၀ ကို မတ်လ ၁ မှ ၉ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့သည်။ ၎င်းတို့ကိုပင် ကာကွယ်ဆေးဒုတိယအကြိိမ် ထိုးနှံပေးသွားမည် ဖြစ်သည်ဟု သမ္မတက ဆိုသည်။

 

ဂါနာအစားအစာနှင့်ဆေးဝါးဆိုင်ရာအာဏာပိုင်တို့ကရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းများမြှင့်တင် ဆောင်ရွက်ရန် အတည်ပြုပြီးဖြစ်သော Sputnik V ကိုဗစ်ကာကွယ်ဆေးပမာဏ ၃၀၀၀၀၀ ခန့်ရရှိရန်လည်း မျှော်မှန်းထားသည်။

 

မတ်လ ၉ ရက်နေ့က ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံကြရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

အစိုးရအနေဖြင့် နိုင်ငံပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ ဆက်လက် ချမှတ်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို