ဂါနာနိုင်ငံတောင်ပိုင်း ရေကြီးမှုဖြစ်ပွားသဖြင့် လူ ခုနစ်ဦးထက်မနည်းသေဆုံး

ဇွန် ၂၉

 

ဂါနာနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

အာရှန်တီဒေသ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးမှူး အာတက်ကိုရာမန်နုက ကူမာစီမြို့တွင် လူသေအလောင်းသုံးလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီးနောက် သေဆုံးသူခုနစ်ဦးရှိခဲ့သည်ဟု ဆိုသည်။

 

ကူမာစီမြို့တွင် ရှာဖွေရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ ထိခိုက်သေဆုံးမှုများ ပိုမိုဖြစ်ပွား နိုင်ဖွယ်ရှိကြောင်း ထိုတာဝန်ရှိသူက ပြောကြားသည်။

 

သောကြာနေ့ကစတင်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကူမာစီမြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။

 

အသစ်တည်ဆောက်ထားဈေး ရေလွှမ်းမိုးခြင်းခံရပြီး ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို