ဂန့်ဂေါမြို့ မြစ်သာတံတားအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား

ဂန့်ဂေါ ၁၀  သြဂုတ်

 

ဂန့်ဂေါမြို့ မြို့မရပ်ကွက် မြစ်သာတံတားအနီးတွင် သြဂုတ် ၉ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်က ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်တိုက်ခံရသူ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့မရပ်ကွက်နေသူ ကိုအောင်မျိုးသက်သည် အနောက်ဂန့်ဂေါဘက်မှ မြို့မရပ်ကွက်ဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မြို့မရပ်ကွက်ဘက်မှ အနောက်ဂန့်ဂေါကျေးရွာဘက်သို့ ဇာဟောရွာနေ ကိုရဲမင်းအောင် မောင်းနှင်ပြီး ၄င်းနောက်မှ ကိုဟိန်းမင်းခန့် လိုက်ပါလာသည့် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ကိုအောင်မျိုးသက်မှာ ဒဏ်ရာများရရှိ၍ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေရခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာသို့ ဂန့်ဂေါမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးကြကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂန့်ဂေါမြို့မရဲစခန်းမှ  ရဲမင်းအောင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျော်သန်းဆွေ