ဂျပန်၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

၂၃ ဒီဇင်ဘာ

 

 

ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ကီရှီနိုဘူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်နိုင်ငံ အတူတကွ လုပ်ဆောင်သွားမည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နတ်ဆင်းရှ်နှင့် သဘောတူခဲ့သည်။

 

 

ကာကွယ်ရေးဝန်ကြီးအဖြစ် ကီရှီ တာဝန်ယူချိန်မှ စတင်ကာ ဆင်းရှ်နှင့် ယမန်နေ့က ပထမဆုံးအကြိမ်  ၄၅ မိနစ်ကြာ ဖုန်းဆက်သွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 

နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပုံမှန်တိုးတက်မှု ရရှိနေသည်ဟု ၎င်းဝန်ကြီးများက အတည်ပြုပြောကြားသည်။

 

 

ဒီမိုကရေစီနှင့် တရားဉပဒေ စိုးမိုးရေးစသည့် အခြေခံတန်ဖိုးများကို လက်ခံကျင့်သုံးနေသော နိုင်ငံများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်းကို ကီရှီက အလေးထားပြောကြားခဲ့သည်။

 

 

ကီရှီက ဂျပန်၊ အိန္ဒိယ၊ အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံများအကြား ဘက်ပေါင်းစုံ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ထင်မြင်ယူဆချက်ကို ပြောကြားခဲ့သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို