ဂျပန်၊ အိန္ဒိယ ကမ်းရိုးတန်းကင်းစောင့်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်

၁၇ ဇန်နဝါရီ

 

ဂျပန်၊ အိန္ဒိယ ကမ်းရိုးတန်းကင်းစောင့်တပ်ဖွဲ့များသည် အိန္ဒိယ ပင်လယ်ပြင်တွင် ယမန်နေ့က ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။

 

ဂျပန် ကင်းလှည့် သင်္ဘော Echigo အပါအဝင် နှစ်နိုင်ငံစလုံးမှ သင်္ဘောခြောက်စင်းသည် အိန္ဒိယ နိုင်ငံတောင်ပိုင်း ချန်နိုင်းကမ်းခြေရှိ ၁၈ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။

 

မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများသည် အရှေ့အလယ်ပိုင်းဒေသမှ အာရှသို့ စွမ်းအင် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော ရေလမ်းကြောင်း လုံခြုံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

 

ထိုပင်လယ်လမ်းကြောင်းသည် ဂျပန်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်မှူး တာကာဟီရို အိုကူရှီးမား က ဆိုသည်။

 

အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ  ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံကို ဖိအားဖြစ်စေမည်ဟု မျှော်လင့်ရသည်။

 

ထိုပင်လယ်ရေကြောင်းတွင် ဉပဒေမဲ့ပြုမူလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်  ကစ်နတ်ဝမ်မီ နာတာရာဂျန် က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို