ဂျပန်-အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ သဘောတူညီမှု မရသေး

၂၂ သြဂုတ်

အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုများ စေ့စပ်ညှိနှိုင်းရန်အတွက် ဂျပန်နိုင်ငံဝန်ကြီးက ၄င်းနှင့် အမေရိကန်ဝန်ကြီးတို့ကြား သဘောထားကွဲလွဲမှုမှာ သဘောတူညီမှုမရှိသေးကြောင်း ပြောကြားသည်။  

 

22

 

ဝါရှင်တန်တွင် ယမန်နေ့က ငါးနာရီကြာ ပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်း လယ်ယာထုတ်ကုန်များအပေါ် အလိုအလျောက်အခွန်ပေးဆောင်ရသည့် စနစ်ကို ဆွေးနွေးရန် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သင်ဇာနှင့် တိုရှိမီဆူမိုတီဂီနှင့် ဆွေးနွေးခဲ့သည်။

ကျန်ရှိနေသာ အလုပ်များနှင့်ပတ်သက်ပြီး ပြဿနာများကို အရှိန်မြှင့်ဖြေရှင်းရန် အကျဉ်းအကျပ်ထဲ ရောက်နေကြောင်း သတင်းထောက်များကို မိုတီဂီက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံး၏ ရင်းနှီးမြုပ်နှံမှုထည့်ဝင်ငွေမှာ မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်မည်စိုးသဖြင့် စေ့စပ်ညှိနှိုင်းရန် ခက်ခဲကြောင်း ၄င်းက ပြောကြားခဲ့သည်။

ယခုလအတွင်း ပြုလုပ်သည့် ယခုအစည်းအဝေးပွဲမှာ ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေးပွဲဖြစ်ပြီး ၄င်းတို့သည် ကြာသပတေးနေ့အတွင်း အစည်းအဝေးပွဲ ထပ်မံပြုလုပ်အုံးမည်ဖြစ်သည်။

ဂျပန်အစိုးအနေဖြင့် အထူးအခွင့်အရေးများရရှိမည်ဟု ယုံကြည်ရသည်။ ၄င်းတို့၏ လယ်ယာထွက်ကုန်များအတွက် ပိုမိုပွင့်လင်းသည့် ဈေးကွက် ရလိုလျင် ကားကဲ့သို့ အလိုအလျောက် အစိတ်အပိုင်းများကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည့် ဂျပန်စက်မှုပို့ကုန်များအပေါ် အခွန်လျော့ချရမည်ဟု ၄င်းကပြောကြားခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်