ဂျပန် နာရီတာလေဆိပ်တွင် အဆုတ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး တင်းကျပ်စွာ လုပ်ဆောင်

၁၆ ဇန်နဝါရီ

 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးတွေ့ရှိရသော အဆုတ်ရောဂါ ကူးစက်မှုကို ဂျပန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ် တွင် ထိုရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်ရေး တင်းကျပ်စွာ လုပ်ဆောင်နေသည်။

 

ဝူဟန်မြို့သို့ အလည်အပတ်သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံတွင် နေထိုင်သူ တရုတ်လူမျိုးတစ်ဦး ထံတွင် ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိခဲ့သည်။

 

တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ ဆိုက်ရောက်လော်ဘီခန်းတွင် စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေသည်။

 

ဝူဟန်မြို့တွင် နေထိုင်ခဲ့သော ခရီးသည်များကို ဖျားနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများ ရှိ၊မရှိ ပြောကြားကြရန် ၎င်းတို့က မေတ္တာရပ်ခံထားသည်။

 

၎င်းတို့သည် ဆိုက်ရောက်လာသော ခရီးသည်များကို အနီအောက်ရောင်ခြည် ကင်မရာများဖြင့် စောင့်ကြည့်မှုများကိုလည်း လုပ်ဆောင်နေသည်။

 

ယခုလကုန်ပိုင်းတွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်များအတွင်း တရုတ်ခရီးသွားဧည့်များ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြမည်ဟု မျှော်လင့်ရသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို