ဂျပန် ယိုကိုဟားမားတွင် ရထားနှင့် ထရပ်ကားတိုက်မိ လူပေါင်း ၃၀ ဦး ထက်မနည်း ဒဏ်ရာရ

၅ စက်တင်ဘာ

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ ယိုကိုဟားမားမြို့တွင် ရထားလမ်းတစ်ခု၌ ရထားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့သဖြင့် လူပေါင်း ၃၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

t2

 

ယနေ့မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ယိုကိုဟားမားမြို့ ကာနာဂါဝါ ရပ်ကွက်ရှိ ကီးကြူ မီးရထားသံလမ်းကူးနေရာ၌ ထိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

t3

 

ယင်းထရပ်ကား မီးစွဲလောင်ကာ အမည်းရောင် မီးခိုးများ လေထုထဲသို့ရောက်ရှိသွားသည်။

ရဲတပ်ဖွဲ့ နှင့် မီးသတ်ဦးစီးဌာနက ၎င်းယာဉ်မတော်တဆ ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

ကီးကြူ ကာဝါစာကီ နှင့် ကာမီဦကာ ဘူတာရုံများအကြား ရထားပြေးဆွဲမှုကို ဆိုင်းငံ့ထားသည်။

ကိုးကား -အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို