ဂျပန်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သည့်အတွက် အသစ်တစ်ဦး ထပ်မံအစားထိုး

တိုကျို    နိုဝင်ဘာ   ၁၃

ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး ကန်ဒါခန်းဂျိသည် အခွန်ပေးဆောင်ရန် အကြိမ်ကြိမ် ပျက်ကွက်မှုဖြင့်  နိုဝင်ဘာ ၁၃ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့၍ ဂျပန်အစိုးရသည် နိုင်ငံတော်ဘဏ္ဍာရေးဝန်ကြီးအသစ်ကို အစိုးရအဖွဲ့ရုံး၏ ပြည်နယ်ဝန်ကြီး ဟောင်း တစ်ဦးအား အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အောက်လွှတ်တော် အမတ်နှင့် လက်မှတ်ရအခွန်စာရင်းကိုင်တစ်ဦးဖြစ်သည့် ကန်ဒါ ပိုင်ဆိုင်သည့် ကုမ္ပဏီသည် အိမ်ခြံမြေအခွန်အတွက် အကြိမ်ကြိမ် ကြွေးကျန်ဖြစ်နေကြောင်း ပြီးခဲ့သည့်    သီတင်း ပတ်က   လွှတ်တော်အစည်းအဝေးတွင် ဝန်ခံခဲ့သည်။ အခွန်ရှောင်မှုနှင့်ပတ်သက်၍ အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင်က ဖော်ပြပြီးနောက် ၎င်း၏ဝန်ခံချက်  ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက   ပြည်နယ်တရားရေးဝန်ကြီးနှင့်   ပညာရေးဒုဝန်ကြီးတို့ ရာထူးမှ နုတ်ထွက်မှုနှင့်အတူ   ကန်ဒါ ကလည်း   ရာထူးမှ  နုတ်ထွက်ခဲ့သဖြင့် ဝန်ကြီးချုပ်  ဖူမီယိုကီရှိဒါ၏    အစိုးရအဖွဲ့တွင်    အစိုးရ အဖွဲ့ဝင်    သုံးဦးကို အစားထိုးခန့်အပ်ရန်  လိုအပ်နေပြီဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် အဓိက  အာဏာရလစ်ဘရယ်     ဒီမိုကရက်တစ်ပါတီမှ အောက် လွှတ်တော်အမတ်နှင့် ပါလီမန်  မြေယာ၊ အခြေခံအဆောက်အအုံ၊   ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ  အကာဇာဝါ ရိုဆေး ကို ခန့်အပ်ရန် လက်ရှိလွှတ်တော်တွင် အဆိုတင်သွင်းထားသည်။

အင်န်အိတ်ချ်ကေ