ဂျပန်အစိုးရအဖွဲ့၏ အထူးအကြံပေး နီရှိကာဝါ ရာထူးမှ နုတ်ထွက်

တိုကျို ၊   ၁၀   ဒီဇင်ဘာ

ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဟောင်းနှင့် လက်ရှိအစိုးရအဖွဲ့၏ အထူးအကြံပေးအဖြစ်ဆောင်ရွက်နေသူ နီရှီကာဝါ ကိုရာသည် လက်ရှိရာထူး တာဝန်မှ နုတ်ထွက်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ချုပ် ကာတိုက  ဒီဇင်ဘာ  ၈  ရက်တွင် အတည်ပြုသည်။

သတင်းထောက်များက နီရှီကာဝါ၏ နုတ်ထွက်မှုမှာ အဂတိလိုက်စားမှုအရှုပ်တော်ပုံတွင် ပါဝင် ပတ်သက်ခဲ့သူတစ်ဦးနှင့် ဆက်နွယ်မှုရှိခဲ့ခြင်းကြောင့်လား ဟူသည့် မေးမြန်းချက်ကို ကာတိုက ပုဂ္ဂိုလ် ရေး ကိစ္စရပ်များကြောင့် နုတ်ထွက်ရန် တောင်းဆိုခဲ့သည်ဟုသာ မိမိအနေဖြင့် ကြားသိထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါပုဂ္ဂိုလ်သည် ယခင်က မွေးမြူရေးလုပ်ငန်းများအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်က စိုက်ပျိုးရေးဝန်ကြီးဟောင်းများအား ငွေကြေးပိုင်းဆိုင်ရာ လာဘ်ပေးလာဘ်ယူ ပြုခဲ့ကာ နီရှီကာဝါနှင့်လည်း ကျွမ်းဝင်မှုရှိသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နီရှီကာဝါမှာ အောက်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ် ရေး သဘောတူစာချုပ်တွင်လည်း အာဏာရလစ်ဘရယ်ဒီမိုကရက်ပါတီ၏ အထူးအကြံပေးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက် ၂၀၁၇ ခုနှစ်ကတည်းက အစိုးရအဖွဲ့၏ အထူးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ ပြီး ဆူဂါ ဝန်ကြီးချုပ် ဖြစ်လာချိန်တွင်လည်း အဆိုပါ တာဝန်ကိုပင် ဆက်လက်ထမ်းဆောင်စေခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မေလဲ့သင်း