ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ ဇူလိုင်၂၁ ကျင်းပမည်

၂၆ ဇွန်

ဂျပန်နိုင်ငံတွင် အထက်လွှတ်တော်ရွေးကောက်ပွဲကို လာမည့် ဇူလိုင်လတွင် ကျင်းပမည် ဖြစ်သည်။

၎င်းရွေးကောက်ပွဲကို ဇူလိုင် ၂၁ ရက်နေ့တွင် လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲရေတွက်မှုလုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့သည်။ တရားဝင်မဲဆွယ်စည်းရုံးခြင်းကို လာမည့်သီတင်းပတ် ကြာသပတေးနေ့တွင်စတင်မည် ဖြစ်ကြောင်း သိရသည်။

အချိုးကျကိုယ်စားပြု နေရာ ၅၀ နှင့် မဲဆန္ဒနယ်များသို့ ခွဲဝေသတ်မှတ်ထားသည့် နေရာ ၇၄၊ ပေါင်း အမတ်နေရာ ၁၂၄ နေရာကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

mdn

 

လွှတ်တော်အမတ်နေရာ၏ထက်ဝက်မှာ သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြခဲ့ကြသည်။

မဲတန်ဖိုးကွာဟချက် လျှော့ချရန် လွှတ်တော်အမတ်နေရာ ၂၄၂ နေရာကို ခြောက်နေရာ ဖြည့်စွက်ပါဝင်ကာ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရန် ပြီးခဲ့သည့်နှစ်က အထက်လွှတ်တော် ဥပဒေပြဌာန်းခဲ့သည်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)  နှင့် ၎င်း၏ညွန့်ပေါင်း Komeito တို့က အမတ်နေရာ ၆၃ နေရထက်မနည်း အများစု အနိုင်ရရန် ရည်မှန်းထားသည်။ အတိုက်အခံပါတီများက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)  ၏ အင်အားကြီးမားခြင်း အဆုံးသတ်ရန် မျှော်လင့်ကြသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn