ဂျပန်ဘီလီယံနာသူဌေးက လကမ္ဘာကို သူနဲ့အတူ သွားရောက်နိုင်မယ့် ဘဝခရီးဖော်အမျိုးသမီးတစ်ဦး အလိုရှိကြောင်း ကြေညာ

၁၃ ဇန်နဝါရီ

လကမ္ဘာကိုပတ်မယ့် ခရီးစဉ်အတွင်းမှာ ဘဝခရီးဖော်အမျိုးသမီးတစ်ဦး လိုအပ်နေကြောင်း ဂျပန်ဘီလီယံနာ သူဌေးက အွန်လိုင်းကနေ ကြေညာလိုက်ပါတယ်။ သူဌေး ယူဆာကူ မာဇာဝါက လက်ရှိ အမျိုးသမီးအဖော်နဲ့ ပြတ်စဲသွားပြီးနောက် သူ့အမျိုးသမီးအဖော်ဖြစ်ချင်သူတွေအား လျှောက်လွှာတင်ဖို့ ပြောဆိုနေတာဖြစ်ပါတယ်။ လျှောက်လွှာတင်ခွင့်ရသူ အမျိုးသမီးဟာ အသက် ၂၀ နှင့်အထက် ဖြစ်ရမယ်။  ဘဝကို ပျော်မွေ့သူဖြစ်ပြီး အာကာသကို သွားလိုတဲ့ စိတ်ဆန္ဒရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။ 

အသက် ၄၄ နှစ်အရွယ် မာဇာဝါမှာ သားသမီးသုံးဦးရှိပြီး အဲဒီသားသမီးတွေကို အမျိုးသမီးနှစ်ဦးနဲ့ မွေးဖွားထားသူဖြစ်ပါတယ်။ မာဇာဝါက “အခုအသက် ၄၄ နှစ်မှာ အထီးကျန်တယ်လို့ ခံစားလာရတယ်။ သူမှာ ဘာမှ မရှိတော့ဘူးလို့ တစ်ဖြည်းဖြည်းခံစားလာတဲ့အတွက် အမျိုးသမီးတစ်ဦးကိုချစ်ဖို့ စဉ်းစားမိတာဖြစ်တယ်” လို့ ပြောပါတယ်။ 

 

ေ

 

မာဇာဝါရဲ့ တွစ်တာအကောင့်မှာ လကမ္ဘာကို ခရီးသွားချင်တဲ့ ပထမဦးဆုံးအမျိုးသမီး မဖြစ်ချင်ဘူးလား လို့ရေးသားထားပါတယ်။ 

မာဇာဝါရဲ့ အမျိုးသမီးအဖော်ဖြစ်ချင်သူတွေအတွက် လျှောက်လွှာတင်ရန် နောက်ဆုံးရက်မှာ ဇန်နဝါရီ ၁၇ နေ့ ဖြစ်ပြီး လျှောက်လွှာတင်သူတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသူကို မတ်လအကုန်မှာ သိရအောင် လုပ်မှာဖြစ်ပါတယ်။ 

မာဇာဝါဟာ ဖက်ရှင်ဒီဇိုင်နာဖြစ်သလို  ပြီးခဲ့တဲ့နှစ်ကတော့ တန်ဖိုးကြီးတဲ့ အနုပညာတွေကို ဝယ်သူအဖြစ် လူသိများခဲ့ပါတယ်။ 

မာဇာဝါဟာ လူငယ်စွန့်ဦးစီးပွားရေးလုပ်ကိုင်သူ အီလွန်မက်စ်ရဲ့ SpaceX အာကာသယာဉ်နဲ့ လကမ္ဘာကို ပထမဦးဆုံးလည်ပတ်မယ့် သာမန်ခရီးသွားတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ လကမ္ဘာခရီးစဉ်ကို  ၂၀၂၃ ခုနှစ် သို့မဟုတ် အဲဒီနောက်ပိုင်းမှာ သွားရောက်မယ်လို့ စီစဉ်ထားပါတယ်။ 

MDN
ကိုးကား - AFP