ဂျပန်ကမ်းရိုးတန်းသို့ အပူပိုင်းမုန်တိုင်း “ဒိုဖင်း” ဝင်ရောက်တိုက်ခတ်

၂၂ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံ၏ ပစိဖိတ် ကမ်းရိုးတန်း ဒေသတွင် ယခုအပတ် နှောင်းပိုင်း၌  ပြင်းထန်သော အပူပိုင်းမုန်တိုင်း “ဒိုဖင်း” ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

 

 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် အင်္ဂါနေ့ မွန်းတည့်ချိန်တွင် ဂျပန်နိုင်ငံ၏ တောင်ဘက် ရေပြင်ပေါ်၌ တည်ရှိလျက်ရှိပြီး တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် မြောက်ဘက်သို့ ရွေ့လျားနေကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် ကြာသပတေးနေ့မှ သောကြာနေ့အတွင်း ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မုန်တိုင်းဝင်ရောက်လိမ့်မည်ဟု  အဆိုပါ အေဂျင်စီက ခန့်မှန်းထားလျက်ရှိသည်။

 

 

အင်္ဂါနေ့ ညနေပိုင်းမှ သောကြာနေ့အထိ ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက်နှင့် ဂျပန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။

 

 

လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းမှုတို့အတွက် မိုးလေဝသမှ နောက်ဆုံးထုတ်ပြန်သည့် သတင်းအချက်အလက်များကို နားထောင်ကြရန် လူအများအား မိုးလေဝသ ဌာနမှ တာဝန်ရှိသူများက တိုက်တွန်းထားလျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn