ဂျပန်မှာ သင်္ဘောသား ၄၃ ဦး လိုက်ပါလာပြီး နွားကောင်ရေ ၆,၀၀၀ ခန့် တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော တိုင်ဖွန်း ကြောင့် နစ်မြုပ်

၃ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံမှာ နွားအကောင်ရေ  ၆,၀၀၀ ခန့် တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော တစ်စင်း တိုင်ဖွန်း ကြောင့် ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ကြောင်း၊ အဲဒီ ကုန်တင်သင်္ဘောပေါ်မှာ သင်္ဘောသား ၄၃ ဦး ပါရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ကမ်းရိုးတန်းစောင့် တပ်က ပြောပါတယ်။

 

 

နိုင်ငံမြောက်ပိုင်းရှိ အာမာမီ အိုရှီးမား ကျွန်းရဲ့ ၁၁၅ မိုင်အကွာကနေ ကုန်တင်သင်္ဘောက အကူအညီ တောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက ရရှိကြောင်း၊ ညနေပိုင်းမှာတော့ အသက် ၄၅ နှစ် ဖိလစ်ပိုင်နိုင်ငံသား သင်္ဘော မာလိန်မှူး ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

 

‌a11

 

သင်္ဘော မာလိန်မှူးက  ကယ်ဆယ်ရေးကို စောင့်နေတဲ့ တခြားသင်္ဘောသားတေွ ကို မတွေ့ကြောင်း ပြောပါတယ်။ ကုန်တင်သင်္ဘောပေါ်မှာ ဖိလစ်ပိုင်နိုင်ငံသား ၃၉ ဦး၊ နယူးဇီလန် ၂ ဦး နဲ့ ဩစတြေးလျား ၂ ဦးတို့ အလုပ်လုပ်နေကြောင်းနဲ့ နွားကောင်ရေ ၅,၈၀၀ တင်ဆောင်လာကြောင်း သိရပါတယ်။

 

 

နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောပါ သင်္ဘောသား ကို ရှာဖွေဖို့ ကမ်းခြေစောင့်တပ်မှ သင်္ဘောသုံးစင်း၊ လေယာဉ် ငါးစင်းနဲ့အတူ ကျွမ်းကျင်ရေငုပ်သမားတွေ က ရှာဖွေ‌နေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP