ဂျပန်မြောက်ပိုင်း၌ အထက်တန်း ကျောင်းသားက အမျိုးသမီးငယ် တစ်ဦးကို ဓားဖြင့်တိုက်ခိုက်

၁၄ နိုဝင်ဘာ

 

ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် အမျိုးသမီးငယ် တစ်ဦးကို ဓားထိုးမှုဖြင့် လူငယ်တစ်ဉီးအား ဖမ်းဆီးခဲ့ပြီး ထိုလူငယ်သည်  တစ်စုံတစ်ဉီးအား သတ်ရန် စိတ်ဝင်စားခဲ့ကြောင်း အန်အိတ်ချ်ကေက ကြားသိခဲ့ရသည်။

 

ယမန်နေ့က အာမိုရီစီရင်စု ဟေချီအိုရီမြို့ လမ်းမပေါ်တွင် မူလတန်းအရွယ်ရှိ ကျောင်းသူတစ်ဉီး၏ လည်ပင်းအား ဓားဖြင့်ထိုးခဲ့သည်။ အမျိုးသမီးငယ်လေးမှာ ထိုဒဏ်ရာကို ကုသရန် သီတင်းပတ် သုံးပတ်အထိ အချိန်ကြာမြင့်မည်ဟု ယူဆရသည်။

 

လူသတ်ရန် ကြံစည်မှု သံသယဖြင့် အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသား တစ်ဉီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

အဆိုပါ ကျောင်းသားသည်  ကျောင်းမှ ထွက်သွားပြီး ကျောင်းသူ မိန်းကလေး နောက်လိုက်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်ဟု လုံခြုံရေး ကင်မရာ ရိုက်ကူးချက်များအရ သိရသည်။

 

အဆိုပါ ကျောင်းသားမှ မိန်းကလေးကို သတ်ရန်အတွက် ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူမ၏ လည်ပင်းကို လှီးဖြတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောကြားသည်။

 

အဆိုပါ ကျောင်းသားသည် တစ်စုံတစ်ဉီးအား သတ်ရန် ကြံစည်အားထုတ် နေသည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်