ဂျပန်၌ တိုင်ဖွန်းမုန်တိုင်း Nanmadol ကြောင့် လူဦးရေရှစ်သန်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်

 

တိုကျို စက်တင်ဘာ ၁၉

 

အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း Nanmadol ကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ လူဦးရေ ရှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ထားကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

ဂျပန်နိုင်ငံတစ်ဝန်းရှိ ဒေသန္တရအစိုးရ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၈ ရက် ည ၇ နာရီတွင် ထုတ်ပြန်ခဲ့သော   အမိန့်ညွှန်ကြားချက်များနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိလိုက်နာနိုင်ရန်အလို့ငှာ NHK နှင့် အခြားသတင်းဌာနများကို ပေးပို့ထားကြောင်း သိရသည်။ ကာဂိုရှီးမား၊ မီယာ ဇာကီနှင့် အိုအီတာ စီရင်စုများရှိ အိမ်ထောင်စု ၁၆၀၀၀၀ ခန့်မှ လူဦးရေ ၃၃၀၀၀၀ ကျော်ကို ဂျပန်နိုင်ငံ၏ ဘေးအန္တရာယ်သတိပေးချက်အဆင့် အမြင့်ဆုံးဖြစ်သော အဆင့် (၅) ကို ထုတ်ပြန်ထားသည်။

 

ဘေးအန္တရာယ်သတိပေးချက် အဆင့် (၄) ထုတ်ပြန်ထားသော ကျူရှူး၊ ရှီကိုကုနှင့် ချူကိုကု ဒေသများမှ အိမ်ထောင်စု ၃ ဒသမ ၇ သန်းခန့် လူဦးရေ စုစုပေါင်း ရှစ်သန်းနီးပါးကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။                   

 

အင်န်အိတ်ချ်ကေ