ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း မြေငလျင်လှုပ်ခတ်ပြီး သုံးရက်ကြာအထိ နေအိမ်အများအပြား သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

တိုကျို မတ် ၂၀ 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၏ ကမ်းရိုးတန်းဒေသတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် သုံးရက်ကြာ အထိ မီယာဂီခရိုင်နှင့် ဖူကူရှီးမားခရိုင်တို့ရှိ နေအိမ်အများအပြား သည်သောက်သုံးရေပြတ်လပ်မှုနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ မတ် ၁၆ ရက်ကလှုပ်ခတ်ခဲ့သည့် အဆိုပါငလျင် သည် ပြင်းအားအမြင့်ဆုံးအဆင့်တွင် ပါရှိပြီး ယင်းငလျင် လှုပ်ခတ်မှုကြောင့် မီယာဂီနှင့် ဖူကူရှီးမားခရိုင်တို့တွင် လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ ပြည်ထဲရေ ဝန်ကြီးဌာန၏ ပြောကြားချက်အရ မတ် ၂၀ ရက် နံနက် ၁၀ နာရီအထိ ကာလအတွင်း မီယာဂီ၊ ဖူကူရှီးမားနှင့် အခြားသောခရိုင်သုံးခုတို့တွင် လူနေအိမ်စုစုပေါင်း ၂၂၁ အိမ်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ယနေ့နံနက်ပိုင်းအချိန်အထိ မီယာဂီနှင့် ဖူကူရှီးမား ခရိုင်တို့ရှိနေအိမ် ၂၀၀၀၀ ခန့်သည် သောက်သုံးရေရရှိမှု မရှိသေးကြောင်း သိရသည်။ လက်ရှိတွင် မီယာဂီခရိုင်၏ ဒေသတချို့နှင့် ဖူကူရှီးမားခရိုင်တစ်ခုလုံးအတွက် သောက်သုံးရေအထောက် အပံ့ပြန်လည်ရရှိရေး ဆောင်ရွက်နေကြောင်း ဒေသအာဏာပိုင် အဖွဲ့အစည်းများက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်