ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်၊ နှစ်ဦးသေဆုံးပြီး ၉၂ ဦး ဒဏ်ရာရ

တိုကျို မတ် ၁၈

 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ မတ်လ ၁၆ ရက် ညပိုင်းတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၉၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၁၇ ရက် သတင်းများအရ သိရသည်။

 

ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်သည် ဖူကူရှီးမားနှင့် မီယာဂီခရိုင်များအပါအဝင် ခရိုင်ခုနစ်ခု၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက အတည်ပြုပြောကြားသည်။

 

မတ် ၁၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၆ မိနစ်တွင် မြောက်လတ္တီတွဒ် ၃၇ ဒသမ ၇ နှင့် အရှေ့လတ္တီတွဒ် ၁၄၁ ဒသမ၇သို့ ဗဟိုပြုပြီး မြေပြင် အောက် ၆၀ ကီလိုမီတာ (၃၇ မိုင်) လှုပ်ခတ်သွား ကြောင်း သိရသည်။

 

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီရေလှိုင်း သတိပေးချက်များ ထုတ်ပြန်ထားသည့်အတွက် မီယာဂီနှင့် ဖူကူရှီးမားစီရင်စုများရှိ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန် ဒေသခံပြည်သူများအား အာဏာပိုင်များက သတိပေးထားသည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် ကျည်ဆန်ရထားတစ်စင်း ပြေးလမ်းချော်မှုဖြစ်ပွားခဲ့၍ တိုဟိုကူ ရှင်ကန်ဆန် ကျည်ဆန်ရထားပြေးဆွဲမှုများကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

 

ထို့ပြင် အိုဆာကီမြို့နှင့် ဆိုမာမြို့ရှိ အဝေးပြေး ကားလမ်းမများကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်