ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး၌ ရှုခင်းကြည့် မော်တော်ဘုတ် တိမ်းမှောက်မှုဖြစ်စဉ်မှ ခရီးသည် ၁၂ ဦး ပျောက်ဆုံးနေဆဲ

ဟော့ကိုင်းဒိုး  ဇွန် ၁

ဂျပန်နိုင်ငံမြောက်ပိုင်း       ဟော့ကိုင်းဒိုး၌ ရှုခင်းကြည့်မော်တော်ဘုတ် တိမ်းမှောက်မှုဖြစ်စဉ်မှ ခရီးသည် ၁၂ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်း သိရသည်။ 

ကာဇူဝမ်း အမည်ရှိ မော်တော်ဘုတ်မှာ ဧပြီ ၂၃ ရက်က ရှီရာတိုကိုပင်လယ်အော်တွင် တိမ်းမှောက် ခဲ့ရာ  ခရီးသည် ၁၄ ဦး  သေဆုံးကြောင်း မူလက အတည်ပြုထုတ်ပြန်ခဲ့သည်။ 

မေ ၂၉ ရက်မှ ၃၁ ရက်အတွင်း ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့နှင့်   တာဝန်ရှိသူများက  ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဒေသခံ ငါးဖမ်း လုပ်သားများနှင့်  ရေယာဉ်  ၃၀   ခန့် ပူးပေါင်းပါဝင်ခဲ့ ကြောင်း သိရသည်။   

လက်ရှိအချိန်တွင် အဆိုပါ မော်တော်ဘုတ်အား ဟော့ကိုင်းဒိုးရှိ အေဗာရှီရီဆိပ်ကမ်းတွင် ဆယ်ယူ ထားရှိပြီး တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ