ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

၁၉ ဇွန်


ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အင်္ဂါနေ့ ညနှောင်းပိုင်းက ပြင်းအား ၆ဒသမ ၇အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောကြားသည်။ လူအသေပျောက် မရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂျပန်ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်တွင် ထုတ်ပြန်ထားသည့် ဆူနာမီသတိပေးချက်များလည်း ရုပ်သိမ်းခဲ့သည်။

 

1

 


အင်္ဂါနေ့ ည ၁၀ နာရီ  ၂၂ မိနစ်တွင် ယာမာဂါတာစီရင်စုကမ်းလွန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ငလျင်ပညာရှင်များက ပြောကြားသည်။ 


ပင်လယ်ပြင်အောက် ၁၄ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားကြသည်။


ယာမာဂါတာ၊ နီဂီတာနှင့် ရှီကာဝါ စီရင်စု ကမ်းရိုးတန်းတို့တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဆူနာမီသတိပေးချက်များကို ရုပ်သိမ်းခဲ့သည်။


ရှီကာဝါ၊ မီရာရီ၊ နီဂီတာနှင့် ယာမာဂါတာ၊ စီရင်စုတို့တွင် လူပေါင်း နှစ်ဆယ့်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ လူပေါင်း ၁၀ဝ၀ ကို ဘေးကင်းရာသို့ ရွေ့ပြောင်းစေခဲ့သည်။


အဆိုပါ ဒေသအတွင်းတွင် လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့ကြောင်း  နာဂီတာစီရင်စုနှင့် ယာမာဂါတာစီရင်စုတို့တွင် အိမ်ထောင်စုပေါင်းများစွာမှာ လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့ကြောင်း လျှပ်စစ်ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်