ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၇၇၉၀ ထပ်မံတွေ့ရှိ

ဇူလိုင် ၁၈

 

ဂျပန်နိုင်ငံ တိုကျိုမြို့တော်အစိုးရက တိုကျိုတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၇၇၉၀ ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၃၀၈ ဦး ရှိရာမှ ကူးစက်မှုဦးရေ မြင့်တက်လာခဲ့သည်ဟု သိရသည်။ ဇူလိုင် ၁၀ ရက်က ကူးစက်မှုဦးရေထက် ၁ ဒသမ ၈၈ ဆ ကူးစက်မှုမြင့်မားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ၁၀၀၀၀ ကျော်ရှိလာသည်မှာ ခြောက်ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးသေဆုံးခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၅၅၈၄ ဦး ရှိသည်။ နိုင်ငံအတွင်း ထိုကဲ့သို့ ကိုဗစ်ကူးစက်မှု တစ်သိန်းကျော်ရှိလာသည်မှာ သုံးရက်ဆက်တိုက်ရှိလာသည်ဟု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို